Header Ads

ad728
  • Latest Tech

    လေယာဉ်စီးနေစဉ် Flight Mode မလုပ်ရင် ဘာဖြစ်တတ်သလဲ


    စိတ်ဝင်စားစရာပါ၊ ကိုယ့်လေယာဉ်ခရီးပျံသန်းနေစဉ် flight mode မလုပ်ရင် ဘာများဖြစ်မလဲဆိုတာ။
    လူများစွာကတော့ယုံကြည်နေကြပါတယ်။ တကယ်လို့လေယာဉ်ပျံသန်းနေစဉ် ကိုယ့်ဖုန်းကို flight mode မလုပ်မိရင်
    ဖုန်းရဲ့ Signal နဲ့ လေယာဉ်ရဲ့ လျှစ်စစ်ဆက်သွယ်ရေးကွန်ယက်တို့ ရှော့ဖြစ်ကာ လေယာဉ်ကြီးပျက်ကျ
    လိမ့်မယ်လို့ပေါ့။

    ဒါပေမယ့် တကယ်တော့အဲ့လောက်မဟုတ်ပါဘူး။ သင် flight mode မလုပ်ယုံနဲ့ အဲ့လောက်ဖြစ်စရာ အကြောင်းမရှိပါဘူး။
    သို့သော်လည်း လေယာဉ်စီးတုန်း flight mode လုပ်ထားဖို့ တိုက်တွန်းပါရစေ။ ဘာလို့လဲဆိုတော့
    သင်ဖုန်းcall အသုံးပြုခဲ့မယ်ဆိုရင် အဲ့ဒါက လေယာဉ်ပိုင်းလော့နဲ့ traffic controllers တွေရဲ့လုပ်ငန်းကို
    အနှောက်အယှက် ဖြစ်စေနိုင်လို့ပါ။

     အပြင်မှာတောင် ဘေးနားကတစ်ယောက်က ဖုန်းကိုစိတ်ထင်တိုင်းပြောနေရင် အသံဆူညံမှုက
    တခြားလူတွေကို နှောက်ယှက်ပါတယ်။ လေယာဉ်ပေါ်မှာဆို ပိုပြီးဆိုးပါတယ်။

     Airline Updates ၀က်ဆိုက်မှာ လေယာဉ်ပိုင်းလော့တစ်ဦး ပြောထားတာကတော့ ''လေယာဉ်ပေါ်မှာ
    flight mode မလုပ်ပဲဖုန်းအသုံးပြုရင် လေယာဉ်ရဲ့ လျှပ်စစ် system ကို ထိခိုက်စေနိုင်သော်လည်း
    ဖြစ်ခဲပါတယ် " လို့ဆိုပါတယ်။ သူကပြောပါတယ် '' အဲ့လိုကြီးသင်ဖုန်းသုံးနေမယ်ဆိုရင် လေယာဉ်system
    နဲ့ ညိနေပြီဆိုရင် သင်ကိုယ်တိုင်အသံကြားရပါလိမ့်မယ် "၊။  " တစ်!! " တစ်!! " တစ်!! " တစ်!! ဆိုတဲ့
    အသံပေါ့ ၊ အသံဆိုးကြီးတော့ မဟုတ်ပါဘူး " လေယာဉ်မယ်တွေ တခါတလေ သူတို့ဖုန်းကို
    flight mode မလုပ်မိတဲ့အခါ ကြားရတတ်ပါတယ်။

    ခုခေတ်မှာတော့ ဖုန်းကြောင့်အနှောက်အယှက်ဖြစ်နိုင်ခြေတွေကို နည်းပညာတွေတိုးပြီး ချော့ချလိုက်ကြ
    ပါပြီ။ တချို့နိုင်ငံတကာ လေကြောင်းလိုင်းတွေက flight calls ကိုအသုံးပြုခွင့် ပေးနေပါပြီ။

    ဘာပဲဖြစ်ဖြစ် လေယာဉ်ဆိုတာ အဆက်အသွယ်တွေရှုပ်ထွေးစွာနဲ့ ပျံသန်းရ ဆင်းရ တက်ရတာဖြစ်တဲ့
    အတွက်ကြောင့် လေယာဉ်စီးစဉ် flight mode (Airplane mode) ပြုလုပ်ထားတာကတော့ အကောင်းဆုံး
    ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

    Source: metro
    PannPwint.com

    No comments

    Post Top Ad

    ad728