Header Ads

ad728
  • Latest Tech

    iPhone တွင် အဝင် message များကို အသံဖြင့်ဖတ်ပြနိုင်စရန်လုပ်ဆောင်ခြင်း


    သင့်အနေဖြင့် iPhone အသုံးပြုသူဖြစ်ပါက အဝင် message များကို အသံဖြင့်နားထောင်နိုင်စေမှာဖြစ်ပါတယ်။ အဲဒိအတွက် Siri ကိုအသုံးပြုပြီးလွယ်ကူစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Home ခလုတ်ကိုနှိပ်ကာ “Hey,Siri” ဟု ပြောဆိုလိုက်လျှင် Siri ကိုအသုံးပြုနိုင်မည်ဖြစ်ပြီး “Read my latest text message” သို့မဟုတ် “Read my text messages.” ဟု command ပေးလိုက်လျှင် Siri ကဖတ်ပြပါလိမ့်မည်။ သို့မဟုတ် သီးခြားပုဂ္ဂိုလ်များ၏ message များကိုဖတ်လိုပါက “ Read my latest message from [contact’s name]” ဟု command ပေးလိုက်လျှင် အဆိုပါပုဂ္ဂိုလ်(contact’s name) တွင်ထည့်သွင်းထားသူ၏ messages များကိုဖတ်သွားပါလိမ့်မည်။
    သင့်ရဲ့ messages များကို အသံဖြင့်ဖတ်ပြနိုင်စေမယ့် အခြားသောနည်းလမ်းတစ်ခုကတော့ Speak Selection ကို turn on လုပ်ထားခြင်းဖြင့်လုပ်ဆောင်နိုင်မှာဖြစ်ပြီး Settings>General>Accessibility> Speech မှတဆင့်သွားကာ သင့်ရဲ့ message ကိုတို့ထိကာ နားထောင်နိုင်မှာဖြစ်ပါတယ်။သို့သော် Siri ကိုအသုံးပြုခြင်းက ပိုမိုလွယ်ကူမှာဖြစ်ပါတယ်။

    Tech Space

    No comments

    Post Top Ad

    ad728