Header Ads

ad728
  • Latest Tech

    Android Device မှာ ဘက်ထရီ သက်သာစေမယ့် နည်းလမ်းများ ( အပိုင်း ၂ )

    စမတ်ဖုန်းများမှာ ဘက်ထရီသက်တမ်းတိုတောင်းတဲ့ ပြဿနာရှိကြပါတယ်။ AMOLED နဲ့ LCD Screen များဟာ ရုပ်ထွက် အလွန်ကောင်းမွန်ပေမယ့် ဘက်ထရီ အသုံးမခံကြပါဘူး။ ဒါပေမယ့် သင့် Android Device ရဲ့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးနိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။ Android 6.0 Marshmallow မှာ ဘက်ထရီသက်တမ်းကို ပိုမို တိုးတက်အောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းများပါရှိလာပါတယ်။ ဒီ Tutorial မှာ Android Marshmallow အပြင် သူ့အရင် Android Device များအတွက် ဘက်ထရီ သက်တမ်း တိုးတက်ကောင်းမွန်စေမယ့် အကောင်းဆုံး နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ နည်းလမ်းများ များပြားတဲ့အတွက် အပိုင်းနှစ်ပိုင်းခွဲပြီး ရေးသားပေးလိုက်ပါတယ်။
    အပိုင်း (၁) ကို အောက်ပါ လင့်မှာ ဖတ်ရှုနိုင်ပါတယ်။
    အပိုင်း တစ်
    ၁၁။ ဆက်သွယ်မှုများကို ပိတ်ပါ။
    မလိုအပ်ချိန်များမှာ GPS, Bluetooth, NFC, WiFi, Mobile Data များကို ပိတ်ထားပါ။ WiFi နဲ့ Mobile Data နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ဖွင့်ထားစရာမလိုဘဲ လိုအပ်တဲ့ တစ်ခုကိုသာ ဖွင့်ထားပါ။ Bluetooth, NFC များကိုလည်း လိုအပ်ချိန်မှသာ ဖွင့်ထားပါ။ ( Bluetooth, NFC များဟာ ဘက်ထရီ အနည်းငယ်ကိုသာ စားသုံးပါတယ်။ ) နေအိမ်နဲ့ အလုပ်မှာ WiFi ကို တစ်ချိန်လုံးဖွင့်ထားပြီး အသုံးပြုသူများအတွက် “ Always on during sleep “ ကို သတ်မှတ်ထားပါ။ ဒီလို အစဉ်အမြဲ WiFi ချိတ်ဆက်ထားခြင်းဟာ ဖုန်းကို Wake ပြုလုပ်တိုင်း WiFi ပြန်ချိတ်ဆက်ရတာထက် ဘက်ထရီ သက်သာစေပါတယ်။
    ၁၂။ Widgets များကို မသုံးပါနဲ့။
    မလိုအပ်ရင် Widgets များကို မသုံးပါနဲ့။ အထူးသဖြင့် Weather Widget လို အင်တာနက် ချိတ်ဆက်တဲ့ Widget များက ဘက်ထရီ ပိုမိုစားသုံးပါတယ်။ Home Screen မှာ စဉ်ဆက်မပြတ် Sync, Update ပြုလုပ်နေတဲ့ Facebook, Twitter, Reddit, Weather, Gmail တို့လို Widgets များစွာ ရှိရင် ဘက်ထရီ အလွန်စားသုံးမှာဖြစ်ပါတယ်။ Widgets များအစား Apps များကို အသုံးပြုပါ။
    ၁၃။ Apps များကို Update လုပ်ပါ။
    သင့်ရဲ့ Apps များကို အမြဲ Update လုပ်ပေးပါ။ Developer များဟာ သူတို့ရဲ့ Apps များကို အမြဲ Update လုပ်ပေးနေတဲ့ အကြောင်းအရာများစွာမှ အများစုဟာ Memory နဲ့ Battery စွမ်းရည် တိုးမြှင့်ဖို့အတွက် ဖြစ်ပါတယ်။ Apps များကို Update လုပ်ခြင်းဖြင့် အကောင်းဆုံး ဘက်ထရီ သက်တမ်းကို ရရှိစေပါတယ်။ အသုံးမပြုတဲ့ Apps များကလည်း နောက်ကွယ်မှာ Run နေပြီး RAM နဲ့ ဘက်ထရီကို စားသုံးနေတဲ့အတွက် Uninstall လုပ်သင့်ပါတယ်။
    ၁၄။ ဘက်ထရီ သက်သာစေတဲ့ စွမ်းဆောင်ချက်များကို သုံးပါ။
    Stock Android, Samsung TouchWiz UI လို စမတ်ဖုန်းထုတ်လုပ်သူများရဲ့ UI များနဲ့ CyanogenMod လို Custom ROMs များ အပါအ၀င် ROMs အားလုံးမှာ ဘက်ထရီသက်တမ်းကို တိုးမြှင့်ပေးနိုင်တဲ့ စွမ်းဆောင်ချက်များကို ထည့်သွင်းပေးထားကြပါတယ်။ HTC မှာ Extreme Power Saving Mode ၊ Samsung မှာ Ultra Power Saving Mode ၊ Sony မှာ STAMINA Mode စသဖြင့် စမတ်ဖုန်း ထုတ်လုပ်သူများမှာ သူတို့ကိုယ်ပိုင် ဘက်ထရီ သက်သာစေတဲ့ စွမ်းဆောင်ချက်များကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ စွမ်းဆောင်ချက်များကို အသုံးပြုပါ။ Android Marshmallow မှာ ဘက်ထရီ သက်သာစေတဲ့ Doze စွမ်းဆောင်ချက်ပါရှိလာပါတယ်။
    ၁၅။ Auto-Sync မပြုလုပ်ပါနဲ့။
    Google အကောင့်များအတွက် Auto-Sync ကို ပိတ်ထားပါ။ Auto-Sync ကို ဖွင့်ထားရင် အချိန်အပိုင်းအခြားအလိုက် နောက်ကွယ်မှာ အလိုအလျှောက် Update လုပ်ပေးနေတဲ့အတွက် ဘက်ထရီ ကုန်စေပါတယ်။ Auto-Sync ကို ပိတ်ထားပေမယ့်လည်း ဥပမာအားဖြင့် Gmail App ကိုဖွင့်လိုက်တာနဲ့ အီးမေးအသစ်များကို ရယူပေးမှာဖြစ်ပါတယ်။ Google အကောင့် လိုပဲ Twitter နဲ့ အခြားအကောင့်များအတွက်လည်း Settings> Accounts ထဲမှ Sync မှာ ပိတ်ထားနိုင်ပါတယ်။
    ၁၆။ Apps များကို Manually Update လုပ်ပါ။
    Apps များ အလိုအလျှောက် Update ပြုလုပ်နေခြင်းကလည်း ဘက်ထရီ နည်းပါးနေတဲ့ အချိန်မှာ အခက်တွေ့စေမှာ ဖြစ်ပါတယ်။ Apps များကို Update ပြုလုပ်ပေးခြင်းဟာ ဘက်ထရီ သက်တမ်းအတွက် ကောင်းမွန်တယ်လို့ အပေါ်မှာ ဖော်ပြခဲ့ပေမယ့် Auto-Update ကို မသတ်မှတ်ထားသင့်ဘဲ Manually Update လုပ်ပေးသင့်ပါတယ်။ Google Play Store ရဲ့ Settings ထဲမှာ Auto-Updates ကို ပိတ်ထားနိုင်ပါတယ်။
    ၁၇။ “ Ok Google “ Hotwords ကို ပိတ်ထားပါ။
    Android Device များမှာ Google Now ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ထည့်သွင်းထားပြီး Ok Google လို့ အသံနဲ့ ပြောဆိုလိုက်တာနဲ့ ကိုယ်ရေးလက်ထောက်ကို ခိုင်းစေနိုင်ပါပြီ။ ဒါပေမယ့် သင့်ဖုန်းက သင့်ရဲ့ အသံအမိန့််ကို တစ်ချိန်လုံး နားဆင်နေတဲ့အတွက် ဘက်ထရီိ ကုန်စေပါတယ်။ အထူးသဖြင့် Google Now ကို အသုံးပြုခြင်း မရှိသူများအတွက် Ok Google Hotwords ကို ပိတ်ထားနိုင်ပါတယ်။ Google Settings App ထဲသွားပြီး Voice ကဏ္ဍမှ Ok Google Detection ထဲသွားပါ။ Google Now ကို လုံးဝ အသုံးမပြုချင်သူများက အားလုံးကို Disable လုပ်ပါ။ Google App ကိုဖွင့်ပြီးမှသာ အသုံးပြုချင်သူများက From the Google app မှာ Enable လုပ်ပါ။

    Credit >>> Myanmar Digital Life 

    No comments

    Post Top Ad

    ad728